ကလေးဘဝ က လူကြီးတွေရဲ့ စကားဝိုင်း မှာ ငြိမ်ငြိမ်လေး ထိုင်ပြီးတော့ နားထောင်ခဲ့ဖူးတယ်။ နယ်မြို့ရွာလေးတွေမှာတော့ သစ်ပင်အရိပ်ကောင်းတဲ့ ကုက္ကိုပင်၊ မန်ကျည်းပင် များအောက်တွင် ကွပ်ပြစ်တစ်ခုတော့ ရှိတက်ကြသည်။
ထိုကွပ်ပြစ်လေးပေါ်မှာ ညချမ်းအချိန်ဆိုရင် လူကြီးတွေ စုပြီး စကားဝိုင်းလေး တစ်ခုတော့ အမြဲရှိနေတက်တယ်။ ရေနွေးကြမ်း နဲ့ တောထန်းလျက်လေးကို ပွဲတော်တည်ရင်း တစ်ဉီးနှင့် တစ်ဉီး အတွေ့အကြုံတွေပြောရင်း၊ ဆွေးနွေးတိုင်ပင်ရင်းနဲ့ စကားဝိုင်းလေးကတော့ မြိုင်မြိုင်ဆိုင်ဆိုင် ရှိလှပါတယ်။
ကလေးပီပီ စပ်စုချင်တဲ့ စိတ်ရှိတဲ့အတွက် တချို့အကြောင်းအရာတွေကို သိချင်တာရှိတဲ့အခါ မေးမြန်းရင်းနဲ့ ဗဟုသုတလည်းရ၊ ပျော်လည်း ပျော်ရွှင်ကြည်နူးခဲ့ရတယ်။ ယနေ့ခေတ်မှာတော့ နည်းပညာတွေ တိုးတက်လာတာကြောင့် ကိုယ်တိုင်လေ့လာ သင်ယူမှုတွေ ပြုလုပ်နိုင်လာကြပါပြီ။
နိုင်ငံ မရှိရင် ပြည်သူ မရှိသလို၊ ပြည်သူမရှိရင်လည်း နိုင်ငံလို့ မခေါ်ထိုက်ဘူးဆိုတဲ့ စကားလိုပဲ လူဆိုတာကလည်း တစ်ဉီးတစ်ယောက်တည်း မဟုတ် အဖွဲ့အစည်းအလိုက် တူညီစွာ လက်တွဲ ရှင်သန်နေထိုင်ကြရသည်။ တစ်ဉီးချင်းဆီမှာလည်း ကျွမ်းကျင်မှု အမျိုးမျိုး အဖုံဖုံရှိကြပါသည်။
ထို့ကြောင့် တစ်ဉီးနှင့် တစ်ဉီး အပြန်အလှန် ကူညီတိုင်ပင် ဆွေးနွေးနိုင်ရန်၊ ဗဟုသုတများကို များဝေရန် အတွက် စကားဝိုင်း ကို ပြုလုပ်ခြင်း ဖြစ်သည်။ ကဏ္ဍအလိုက် ခွဲပြီးတော့ ဗဟုသုတများ ဖလှယ်နိုင်တဲ့အတွက် မိမိစိတ်ဝင်စားတဲ့ အပိုင်းများမှာ ပါဝင် ဆွေးနွေး နိုင်ပါသည်။
