အိုင်ဒီယာတွေအများအပြားရှိနေတာက အိုင်ဒီယာလက်တစ်ဆုပ်စာလောက်ပဲရှိနေတာထက် ပိုမိုအရေးပါတယ်ဆိုတာ နားလည်ဖို့လိုပါတယ်။ နောက်ခံသမိုင်း Thomas Alva Edison က အိုင်ဒီယာကောင်းတစ်ခုရရှိဖို့ဆိုရင် သင့်အနေနဲ့ အိုင်ဒီယာထွက်နိုင်သမျှ များများထွက်အောင် လုပ်နိုင်ရမယ်ဆိုတာကို နားလည်ခဲ့သူတစ်ဦးပါ။ သူဟာ တီထွင်ဖန်တီးသူ ဉာဏ်ကြီးရှင်တစ်ဦးဖြစ်တယ်ဆိုတာ ပြောနေစရာမလိုပါဘူး။ ဓာတ်စက်၊ မီးသီး၊ အားသွင်းဘက်ထရီနဲ့ ရုပ်ရှင်ပရိုဂျက်တာကိုပိုကောင်းအောင်အဆင့်မြှင့်တင်ခြင်း စတာတွေအပါအဝင် ဖန်တီးမှုများစွာလုပ်ခဲ့ပြီး ကမ္ဘာ့အကြီးဆုံး ကုမ္ပဏီတစ်ခုဖြစ်တဲ့ General Electric ဆိုတဲ့ ကုမ္ပဏီကို Charles A. Coffin ၊ J.P. Morgan တို့နဲ့အတူ ပူးပေါင်းတည်ထောင်ခဲ့သူလည်းဖြစ်ပါတယ်။ Edison ...
Discy Latest Articles
ဖုန်းအဟောင်းတစ်လုံးကို ဒီအချက် ၆ ချက် မလုပ်ပြီးမချင်း မပစ်ထုတ်လုပ်ပါနဲ့ဦး

သင့်အနေနဲ့ ဖုန်းအသစ်တစ်လုံးဝယ်ဖို့လိုနေပြီ၊ ဒါမှမဟုတ် ဝယ်ပြီးသွားပြီဆိုတဲ့အခါ ဖုန်းအဟောင်းက အနေအထားကလည်း ကောင်းနေသေးတဲ့ ဖုန်းဆိုရင် သင်က ပြန်ရောင်းလို့ရရင် ရောင်းတာ၊ မဟုတ်လည်း ညီ၊ ညီမ၊ တူ၊ တူမတွေကိုပေးလိုက်တာမျိူး၊ လှူလို့ရတဲ့နေရာမှာ ပြန်လှူလိုက်တာမျိုးလုပ်ချင်မှာပါ။ ဘယ်လိုပဲလုပ်လုပ်ပါ သင့်ဖုန်းဟောင်းကို တစ်ခြားသူတွေလက်ထဲမထည့်ခင်မှာ သင့်ကိုယ်ရေးကိုယ်တာလုံခြုံရေးအတွက် လုပ်ကိုလုပ်သင့်တဲ့ အချက် ၆ ချက်ရှိပါတယ်။ ၁။ ဖုန်းအဟောင်းကို back up လုပ်ပါ ဖုန်းထဲက Data Back Up ကတော့ ဖုန်းဟောင်းသွားမှမဟုတ်ဘဲ အမြဲလုပ်သင့်တဲ့အရာပါ။ ဖုန်းမတော်တဆပျောက်တာပဲဖြစ်ဖြစ်၊ ပျက်စီးရေစိုသွားတာပဲဖြစ်ဖြစ် ...
We all are feminists

Patriarchy ဆိုတဲ့ ယောက်ျားကြီးစိုးတဲ့ စနစ်၊ တိုင်းပြည်၊ လူ့အသိုင်းအဝိုင်း သိုမဟုတ် မိသားစုဟာ တစ်ခြမ်း စောင်းသလို ဖြစ် နေပါတယ်။ ဒီအယူအဆ၊ သတ်မှတ်ချက် တွေ ကြောင့် အမျိုးသမီး တွေဟာ ပညာမတတ် တော့ဘူး။ ကိုယ်ပိုင်ဝင် ငွေ မရှိဘူး။ အလုပ်အကိုင် အခွင့်အလမ်း နည်းပါးတယ်။ ကိုယ့်ကိုယ်ကိုယ် အားနွဲသူလို ထင် စေတယ်။ သိမ်ငယ် စေတယ်။ ဖခင် သိုမဟုတ် လင် ယောက်ျားရဲ့ အကာအကွယ်ရှိမှ လုံခြုံတယ်လို ခံယူ စေတယ်။ ...
Personality ကောင်းတဲ့သူ ဖြစ်ဖို့

ဒီအချက် တွေ ကိုယ့်ကိုယ်ကိုယ် မေးကြည့်ပါ။ ၁။ ရုပ်ပိုင်းဆိုင်ရာ အသွင်အပြင် (Physical appearance) ရုပ်ချောတာ၊ လှတာထက် တစ်ကိုယ်ရည် သန့်ရှင်းရေး ကောင်းလား။ ကိုယ်ရနံ့၊ ခံတွင်းရနံ့ ဘယ်လိုနေလဲ။ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ လူနေမှုပုံစံ ရှိသလား။ ဝတ်တာစားတာကရော သပ်ရပ်မှု ရှိလား။ ကိုယ်နဲ့ လိုက်ဖက်အောင် ဝတ်စားဆင်ယင်တတ်သလား။ ၂။ ဉာဏ်ရည်ဉာဏ်သွေး (Intelligence) ပုံမှန်ပညာရေးလမ်းကြောင်းက အခြေအနေ ဘယ်လိုရှိသလဲ။ နောက်ပြီး တစ်နေ့တစ်နေ့ ကိုယ့်ရဲ့ လေ့လာသင်ယူမှုအတွက် ဘယ်လောက် အချိန်ပေးဖြစ်နေသလဲ။ ကိုယ့်ရဲ့ ...
ပရော်ဖက်ရှင်နယ် ပီသတဲ့ အပြုအမူတွေ

၁။ မိတ်ဆက်ပေးခံရတဲ့အခါ မတ်တပ်ထ နှုတ်ဆက်ပါ။ ပွဲတွေ၊ အခမ်းအနားတွေ သွားတဲ့အခါ တစ်ယောက်ယောက်က ကိုယ့်ကို မိတ်ဆက်ပေးတယ်ဆို ထိုင်မနေပါနဲ့။ မတ်တပ်ထ နှုတ်ဆက်ပေးပါ။ ၂။ ကိုယ့်ဘက်က စနှုတ်ဆက်တတ်ပါစေ။ နှုတ်ဆက်နည်းလည်း မှန်ပါစေ။ သူက ခေါ်မှ ကိုယ်ပြန်နှုတ်ဆက်တာမျိုးထက်စာရင် ကိုယ့်ဘက်က စနှုတ်ဆက်တတ်တဲ့ အလေ့အထက ကိုယ့်ကို လူချစ်လူခင် များစေမှာပါ။ နှုတ်ဆက်တဲ့အခါမှာလည်း ဝလာတယ်နော်၊ ပိန်သွားတယ်နော်၊ အသားတွေ မဲသွားတယ်နော်၊ ဝက်ခြံတွေ များနေတယ်၊ စတဲ့ တစ်ဖက်သားကို စိတ်ကသိကအောက် ဖြစ်စေတဲ့၊ တချိုလူတွေအတွက် စိတ်ဆိုးစရာ ...