သင်က အလုပ်ကိုစိတ်နှစ်လုပ်နေပြီး တခြားမစဉ်းစားနိုင်ချိန်မှာ တခြားသူတွေက သူတို့ရဲ့ အသက်မွေးဝမ်းကြောင်းအလုပ်တွေမှာ ပိုမြန်မြန်ဆန်ဆန်တိုးတက်နေရာတွေရလာတာကိုတွေ့တဲ့အခါ “ဟာဘာတွေဖြစ်ကုန်တာလဲ” ဆိုပြီး တွေးမိနိုင်ပါတယ်။ တကယ်တော့ ဒါက သင်လုပ်ပေးသမျှအရာရာတိုင်းကို လူမမြင်တာ၊ အသိအမှတ်ပြုမခံရတာကြောင့်ပါလို့ပဲဖြေရပါလိမ့်မယ်။ အောင်မြင်မှုရရှိဖို့ဆို အရေးကြီးတဲ့အချက်တစ်ခုက သင်ဟာ တကယ်လုပ်ရည်ကိုင်ရည်ရှိတာမှန်ပေမယ့် လူအများအမြင်မှာလည်း “သြော် … သူက တကယ်လုပ်ရည်ကိုင်ရည်ရှိပါလား” ဆိုပြီး သင့်ကို မြင်ဖို့လိုတယ်ဆိုတာပါပဲ။ ဆိုတော့ အချိန်တန်ရင် ရလဒ်က စကားပြောသွားလိမ့်မယ်…ကိုယ်တော်ကြောင်း၊ တတ်ကြောင်း လူသိစရာမလိုဘူးဆိုတဲ့ အယူအဆက အမြဲတမ်းမမှန်နေနိုင်ဘူးဆိုတာ သိဖို့ပါပဲ။ တစ်ခါတလေကျရင် စွမ်းဆောင်ရည်ဆိုတာကို တကယ်တွန်းအားပြုမောင်းနှင်ရရှိစေတာက ဘာလဲ ...
Discy Latest Articles
ကိုယ့်ကိုယ်ကိုယ် သိဖို ဘယ်လောက်အရေးကြီးသလဲ

တစ်ခါတုန်းက အဖိုးကြီးတစ်ယောက် အိပ်နေတုန်း သူရဲ့ မုတ်ဆိတ်မှာ မြေးလေးတွေက နောက်ပြောင်တဲ့သဘောနဲ့ အင်မတန် အနံ့ပြင်းတဲ့ ခရင်မ်တွေ သွားသုတ်ထားသတဲ့။ အဲဒါနဲ့ အဖိုးကြီးက နိုးလာတော့ အဲဒီအနံ့ဆိုးဆိုးကြီးကို ရနေတာပေါ့။ ဘယ်နားမှာလဲ လိုက်ရှာတယ်၊ မီးဖိုချောင်ထဲ သွားတော့လည်း ဒီအနံ့၊ အိမ်ရှေ့ ထွက်တော့လည်း ဒီအနံ့၊ ဘယ်သွားသွား အနံ့က ရနေတော့ သူက ပြောလိုက်တယ်၊ ဟာ တစ်အိမ်လုံးလည်း နံစော်နေတော့တာပါလားတဲ့။ အမှန်တော့ အနံ့က သူ့မုတ်ဆိတ်မှာပဲ ရှိနေတာ။ ဒါပေမဲ့ သူကတော့ တစ်လောကလုံးက အနံ့ထွက်နေတယ်ပဲ ...
မနာလိုခြင်းတွေအကြောင်း

ကျွန်တော်ထင်တယ်။ အနည်းနဲ့အများသာ ကွာမယ်။ ကျွန်တော်တိုအားလုံးမှာ မနာလိုစိတ်တွေ ရှိကြတာချည်းပါပဲ။ ဒီအတွက် အကြံပေးချင်တာတွေကတော့ – ၁။ ရိုးသားပါ။ မနာလိုစိတ် ဆိုရင် သူများတွေကိုပဲ မျက်စိထဲ မမြင်ယောင်ပါနဲ့။ ကိုယ့်ရဲ့ မနာလိုစိတ်ကိုလည်း ကိုယ်ပြန်ကြည့်ပါ။ အရှိအရှိအတိုင်း လက်ခံပါ။ ၂။ ကိုယ့်မှာ ရှိတာတွေကို တန်ဖိုးထားတတ်ပါစေ။ ဖြစ်နိုင်ရင် စာအုပ်ထဲ ချရေးထားပါ။ ဥပမာ ကိုယ့်မှာ ပျော်စရာ မိသားစု ရှိတယ်၊ အလုပ်အကိုင် ရှိတယ်၊ ကျန်းမာရေး ကောင်းတယ်၊ လေ့လာသင်ယူနိုင်တဲ့ ဦးနှောက်ရှိတယ် စသဖြင့်ပေါ့။ ...
ယောနိသော မနသိကာရ

မြန်မာလိုဆို မှန်ကန်စွာ နှလုံးသွင်းခြင်းလို အဓိပ္ပါယ်ရတယ်။ Positive thinking လိုလည်း နားလည်နိုင်ပါတယ်။ တကယ်တော့ ဘဝဆိုတာ မျှော်လင့်မထားတာတွေနဲ့ချည်း ပြည့်နှက်နေတာပါ။ ကိုယ့်ခန္ဓာကိုယ်နဲ့ ပတ်သက်လာရင်တောင် အစိုးရတာမှ မဟုတ်ဘဲ။ ဒီအခါ ဖြစ်လာသမျှသော၊ ကြုံတွေ့လာရသမျှသော ကိစ္စတွေကို မှန်မှန်ကန်ကန်နဲ့ နှလုံးသွင်းနိုင်ဖို လိုအပ်တယ်။ ဒါမှ စိတ်ကြည်လင်မယ်။ အေးချမ်းမယ်။ တည်ငြိမ်မယ်။ ရှေ့ဆက်နိုင်မယ်။ မိုးမရွာလောက်ပါဘူးကွာ ဆိုပြီး အပြင်ထွက်တော့ ထီးမယူခဲ့တာ Positive thinking မဟုတ်ဘူး။ အဲဒါ ပေါ့တာ။ သေရင်လည်း ထားခဲ့ရတာပဲ ဆိုတာသည်လည်း ...
ဘယ်လို ငွေရှာမလဲ

Adam Smith က ကုန်ပစ္စည်းတွေရဲ့ဈေးနှုန်းက အလုပ်သမားခ၊ အမြတ်နဲ့ ငှားရမ်းခ စတဲ့ အစိတ်အပိုင်း ၃ ခုထဲက တစ်ခု၊ ဒါမှမဟုတ် ၃ ခုလုံးနဲ့ တိုက်ရိုက်သက်ဆိုင်နေတယ်လို့ရေးသားထားပါတယ်။ အလုပ်သမားခ၊ အမြတ်နဲ့ ငှားရမ်းခ ဆိုတာတွေက ဝင်ငွေတိုင်းအတွက်၊ ဖလှယ်လို့ရတဲ့ တန်ဖိုးတိုင်းအတွက် မူလအရင်းအမြစ် ၃ ခုဖြစ်တယ်။ ဝင်ငွေဆိုသမျှတိုင်းက ဒီ၃ခုလုံး၊ ဒါမှမဟုတ် တစ်ခုနဲ့ တိုက်ရိုက်/သွယ်ဝိုက်ပြီး ဆက်စပ်ဆင်းသက်လာတာဖြစ်တယ်လို့ဆိုပါတယ်။ “သင့်ရဲ့ထုတ်ကုန်တွေကို တမူကွဲပြားအောင်လုပ်၊ အကောင်းဆုံးဝန်ဆောင်မှုပေး၊ ပြီးတော့ Wal-Mart နဲ့ ဈေးနှုန်းခြင်းယှဉ်နိုင်ဖို့တော့ ဘယ်တော့မှ ...