စာဖတ်ခန်းထဲမှ လူသတ်မှု ပါမောက္ခတစ်ယောက်သည် ဇန်နဝါရီလ ၂ ရက်နေ့ ညနေ ၇−၃၀ အချိန်တွင် သူ၏နေအိမ် စာဖတ်ခန်းထဲ၌ သေဆုံးနေသည်ကို တွေ့ရသည်။ ပြည်သူ့ရဲကို ပါမောက္ခ သေဆုံးကြောင်း ညအစောင့်က အကြောင်းကြားသည်။ ပါမောက္ခနေအိမ်တွင် ဆွေမျိုးအပေါင်းအဖော် လုံးဝမရှိ၊ ညစောင့်တစ်ဉီးတည်းက သူ့အဖော်ဖြစ်သဖြင့် သူ့ကို ရဲက စစ်ဆေးသည်။ ရဲအရာရှိမေး − ပါမောက္ခ သေဆုံးပုံကို ပြောပါ။ ညစောင့်ဖြေ − ကျွန်တော် အိမ်အပြင်က စောင့်နေပါတယ်။ ပါမောက္ခရဲ့ စာဖတ်ခန်းအပြင်က ဖြတ်သွားတဲ့အခါ သူက ခြောက်လုံးပြူးသေနတ်ကို ထုတ်ပြီး နဖူးနဲ့တေ့ကာ ...Read more
စာဖတ်ခန်းထဲမှ လူသတ်မှု
ပါမောက္ခတစ်ယောက်သည် ဇန်နဝါရီလ ၂ ရက်နေ့ ညနေ ၇−၃၀ အချိန်တွင် သူ၏နေအိမ် စာဖတ်ခန်းထဲ၌ သေဆုံးနေသည်ကို တွေ့ရသည်။ ပြည်သူ့ရဲကို ပါမောက္ခ သေဆုံးကြောင်း ညအစောင့်က အကြောင်းကြားသည်။ ပါမောက္ခနေအိမ်တွင် ဆွေမျိုးအပေါင်းအဖော် လုံးဝမရှိ၊ ညစောင့်တစ်ဉီးတည်းက သူ့အဖော်ဖြစ်သဖြင့် သူ့ကို ရဲက စစ်ဆေးသည်။
ရဲအရာရှိမေး − ပါမောက္ခ သေဆုံးပုံကို ပြောပါ။
ညစောင့်ဖြေ − ကျွန်တော် အိမ်အပြင်က စောင့်နေပါတယ်။ ပါမောက္ခရဲ့ စာဖတ်ခန်းအပြင်က ဖြတ်သွားတဲ့အခါ သူက ခြောက်လုံးပြူးသေနတ်ကို ထုတ်ပြီး နဖူးနဲ့တေ့ကာ သူ့ကိုယ်သူ ပစ်သတ်ဖို့ကို တွေ့ရပါတယ်။
ရဲ − ဟုတ်ပြီ၊ ဒီတော့ မင်းက ဘာလုပ်သလဲ။
စောင့် − ကျွန်တော်တံခါးကို ပြေးသွားပြီး ခေါင်းလောင်းကို တီးပါတယ်။ အတွင်းက ဖြေသံမကြားရပါ။
ရဲ − ဒီတော့ အိမ်ထဲကို မင်းဘယ်လို ဝင်သလဲ။
စောင့် − အိမ်ပတ်လည်ကို ပြေးပြီး ပွင့်နေတဲ့ တံခါးပေါက် ပြတင်းပေါက်ကို ရှာပါတယ်။ ပြတင်းပေါက် တစ်ပေါက်ပွင့်နေတာကို တွေ့ရတာနဲ့ ကျွန်တော် ကျော်တက်ပြီး အတွင်းကို ဝင်ပါတယ်။
ရဲ − အဲဒီ ပြတင်းပေါက်ကို မင်းဝင်ပြီး ပြန်ပိတ်ခဲ့သလား။
စောင့် − ဒီအတိုင် ကျွန်တော် ဖွင့်လျက်ထားပါတယ်။
ရဲ − နောက်ပြီးတော့ မင်းဘာလုပ်သေးလဲ။
စောင့် − ကျွန်တော် ပါမောက္ခရဲ့ စာကြည့်ခန်းထဲကို ခက်ခက်ခဲခဲ ကြိုးစားပြီး ဝင်းသွားရပါတယ်။
ရဲ − အဲဒီနေရာက မင်း ရဲကို တယ်လီဖုန်းဆက်တယ် မဟုတ်လား။
စောင့် − ဟုတ်ပါတယ်။
ရဲ − တယ်လီဖုန်းထားတဲ့ နေရာကို ဘယ်လို မင်းသိသလဲ။
စောင့် − ကျွန်တော် စာကြည့်ခန်းထဲ ရောက်တော့ မှောင်မည်းနေလို့ လျှပ်စစ်မီးခလုတ်ကို ဖွင့်လိုက်ပါတယ်၊ ဒီတော့ တယ်လီဖုန်းထားတဲ့ နေရာကို တွေ့ပါတယ်။
ရဲ − မင်းဘောင်းဘီ ဘာကြောင့် စုတ်သွားရသလဲ။
စောင့် − ကျွန်တော် ပြတင်းပေါက်ကို ကျော်တက်တုံး စုတ်သွားတာ ဖြစ်မှာပါ။
ရဲ − နောက်ပြီး မင်းပြောတယ် အိမ်ထဲက ဘယ်သူမှ ထွက်မလာဘူးလို့နော်။
စောင့် − ပြောပါတယ်။
ရဲ − ပါမောက္ခဟာ ဘာကြောင့် သူ့ကိုယ်သူ သတ်သေတယ်လို့ မင်းထင်သလဲ။
စောင့် − ကျွန်တော် တကယ်ဘာမှ မသိပါဘူး။
အထက်ပါ အမေးအဖြေတွင် ရှေ့နောက် မညီသော စကားတစ်ခွန်းပါသွား၍ အစောင့်ကို ရဲက ဖမ်းဆီးလိုက်သည်။ မည်သည့် စကား မှားသွားသလဲ။
Read less