Discy Latest Questions

Ye Tay Zar Shein
- We can build together

Ye Tay Zar Shein
- We can build together
အရောင်မတူတဲ့ အိမ် ၅ အိမ်မှာ လူမျိုး ၅မျိုးနေပြီး မတူတဲ့အကောင် တစ်ကောင်စီကို မွေးထားကြတယ်။ သူတို့ဟာ မတူတဲ့ဆေးလိပ်နဲ့ အရည်တွေကို သောက်ကြတယ်။ (၁) အင်္ဂလိပ်လူမျိုးက အနီရောင်အိမ်မှာနေတယ်။ (၂) ဆွီဒင်လူမျိုးက ခွေးမွေးထားတယ်။ (၃) ဒိန်းမတ်လူမျိုးက လက်ဖက်ရည်သောက်တယ်။ (၄) အဖြူရောင်အိမ်ရဲ့ ဘယ်ဘက်မှာ အစိမ်းရောင်အိမ်ရှိတယ်။ (၅) အစိမ်းရောင် အိမ်ပိုင်ရှင်က ကော်ဖီသောက်တယ်။ (၆) pall တံဆိပ်ဆေးလိပ်သောက်သူက ငှက်မွေးတယ်။ (၇) အဝါရောင် အိမ်ပိုင်ရှင်က dunhill သောက်တယ်။ (၈) အလယ်အိမ်က နွားနို့သောက်တယ်။ (၉) နော်ဝေးလူမျိုးက ပထမတစ်အိမ်မှာနေတယ်။ (၁ဝ) blend တံဆိပ် ဆေးလိပ်သောက်သူက ကြောင်မွေးထားသူရဲ့ အိမ်ဘေးမှာနေတယ်။ (၁၁) ...Read more
အရောင်မတူတဲ့ အိမ် ၅ အိမ်မှာ
လူမျိုး ၅မျိုးနေပြီး မတူတဲ့အကောင် တစ်ကောင်စီကို မွေးထားကြတယ်။ သူတို့ဟာ မတူတဲ့ဆေးလိပ်နဲ့ အရည်တွေကို သောက်ကြတယ်။
- (၁) အင်္ဂလိပ်လူမျိုးက အနီရောင်အိမ်မှာနေတယ်။
- (၂) ဆွီဒင်လူမျိုးက ခွေးမွေးထားတယ်။
- (၃) ဒိန်းမတ်လူမျိုးက လက်ဖက်ရည်သောက်တယ်။
- (၄) အဖြူရောင်အိမ်ရဲ့ ဘယ်ဘက်မှာ အစိမ်းရောင်အိမ်ရှိတယ်။
- (၅) အစိမ်းရောင် အိမ်ပိုင်ရှင်က ကော်ဖီသောက်တယ်။
- (၆) pall တံဆိပ်ဆေးလိပ်သောက်သူက ငှက်မွေးတယ်။
- (၇) အဝါရောင် အိမ်ပိုင်ရှင်က dunhill သောက်တယ်။
- (၈) အလယ်အိမ်က နွားနို့သောက်တယ်။
- (၉) နော်ဝေးလူမျိုးက ပထမတစ်အိမ်မှာနေတယ်။
- (၁ဝ) blend တံဆိပ် ဆေးလိပ်သောက်သူက ကြောင်မွေးထားသူရဲ့ အိမ်ဘေးမှာနေတယ်။
- (၁၁) မြင်းမွေးထားသူရဲ့ ဘေးမှာ dunhill သောက်သူနေတယ်။
- (၁၂) Blue Master ဆေးလိပ်သောက်သူက ဘီယာသောက်တယ်။
- (၁၃) ဂျာမဏီလူမျိုးက prince တံဆိပ်ဆေးလိပ်သောက်တယ်။
- (၁၄) နော်ဝေးလူမျိုးက အပြာရောင် အိမ်ဘေးမှာနေတယ်။
- (၁၅) ရေပဲသောက်တဲ့လူက blend ဆေးလိပ်သောက်သူရဲ့ ဘေးမှာနေတယ်။
စာဖတ်ခန်းထဲမှ လူသတ်မှု ပါမောက္ခတစ်ယောက်သည် ဇန်နဝါရီလ ၂ ရက်နေ့ ညနေ ၇−၃၀ အချိန်တွင် သူ၏နေအိမ် စာဖတ်ခန်းထဲ၌ သေဆုံးနေသည်ကို တွေ့ရသည်။ ပြည်သူ့ရဲကို ပါမောက္ခ သေဆုံးကြောင်း ညအစောင့်က အကြောင်းကြားသည်။ ပါမောက္ခနေအိမ်တွင် ဆွေမျိုးအပေါင်းအဖော် လုံးဝမရှိ၊ ညစောင့်တစ်ဉီးတည်းက သူ့အဖော်ဖြစ်သဖြင့် သူ့ကို ရဲက စစ်ဆေးသည်။ ရဲအရာရှိမေး − ပါမောက္ခ သေဆုံးပုံကို ပြောပါ။ ညစောင့်ဖြေ − ကျွန်တော် အိမ်အပြင်က စောင့်နေပါတယ်။ ပါမောက္ခရဲ့ စာဖတ်ခန်းအပြင်က ဖြတ်သွားတဲ့အခါ သူက ခြောက်လုံးပြူးသေနတ်ကို ထုတ်ပြီး နဖူးနဲ့တေ့ကာ ...Read more
စာဖတ်ခန်းထဲမှ လူသတ်မှု
ပါမောက္ခတစ်ယောက်သည် ဇန်နဝါရီလ ၂ ရက်နေ့ ညနေ ၇−၃၀ အချိန်တွင် သူ၏နေအိမ် စာဖတ်ခန်းထဲ၌ သေဆုံးနေသည်ကို တွေ့ရသည်။ ပြည်သူ့ရဲကို ပါမောက္ခ သေဆုံးကြောင်း ညအစောင့်က အကြောင်းကြားသည်။ ပါမောက္ခနေအိမ်တွင် ဆွေမျိုးအပေါင်းအဖော် လုံးဝမရှိ၊ ညစောင့်တစ်ဉီးတည်းက သူ့အဖော်ဖြစ်သဖြင့် သူ့ကို ရဲက စစ်ဆေးသည်။
ရဲအရာရှိမေး − ပါမောက္ခ သေဆုံးပုံကို ပြောပါ။
ညစောင့်ဖြေ − ကျွန်တော် အိမ်အပြင်က စောင့်နေပါတယ်။ ပါမောက္ခရဲ့ စာဖတ်ခန်းအပြင်က ဖြတ်သွားတဲ့အခါ သူက ခြောက်လုံးပြူးသေနတ်ကို ထုတ်ပြီး နဖူးနဲ့တေ့ကာ သူ့ကိုယ်သူ ပစ်သတ်ဖို့ကို တွေ့ရပါတယ်။
ရဲ − ဟုတ်ပြီ၊ ဒီတော့ မင်းက ဘာလုပ်သလဲ။
စောင့် − ကျွန်တော်တံခါးကို ပြေးသွားပြီး ခေါင်းလောင်းကို တီးပါတယ်။ အတွင်းက ဖြေသံမကြားရပါ။
ရဲ − ဒီတော့ အိမ်ထဲကို မင်းဘယ်လို ဝင်သလဲ။
စောင့် − အိမ်ပတ်လည်ကို ပြေးပြီး ပွင့်နေတဲ့ တံခါးပေါက် ပြတင်းပေါက်ကို ရှာပါတယ်။ ပြတင်းပေါက် တစ်ပေါက်ပွင့်နေတာကို တွေ့ရတာနဲ့ ကျွန်တော် ကျော်တက်ပြီး အတွင်းကို ဝင်ပါတယ်။
ရဲ − အဲဒီ ပြတင်းပေါက်ကို မင်းဝင်ပြီး ပြန်ပိတ်ခဲ့သလား။
စောင့် − ဒီအတိုင် ကျွန်တော် ဖွင့်လျက်ထားပါတယ်။
ရဲ − နောက်ပြီးတော့ မင်းဘာလုပ်သေးလဲ။
စောင့် − ကျွန်တော် ပါမောက္ခရဲ့ စာကြည့်ခန်းထဲကို ခက်ခက်ခဲခဲ ကြိုးစားပြီး ဝင်းသွားရပါတယ်။
ရဲ − အဲဒီနေရာက မင်း ရဲကို တယ်လီဖုန်းဆက်တယ် မဟုတ်လား။
စောင့် − ဟုတ်ပါတယ်။
ရဲ − တယ်လီဖုန်းထားတဲ့ နေရာကို ဘယ်လို မင်းသိသလဲ။
စောင့် − ကျွန်တော် စာကြည့်ခန်းထဲ ရောက်တော့ မှောင်မည်းနေလို့ လျှပ်စစ်မီးခလုတ်ကို ဖွင့်လိုက်ပါတယ်၊ ဒီတော့ တယ်လီဖုန်းထားတဲ့ နေရာကို တွေ့ပါတယ်။
ရဲ − မင်းဘောင်းဘီ ဘာကြောင့် စုတ်သွားရသလဲ။
စောင့် − ကျွန်တော် ပြတင်းပေါက်ကို ကျော်တက်တုံး စုတ်သွားတာ ဖြစ်မှာပါ။
ရဲ − နောက်ပြီး မင်းပြောတယ် အိမ်ထဲက ဘယ်သူမှ ထွက်မလာဘူးလို့နော်။
စောင့် − ပြောပါတယ်။
ရဲ − ပါမောက္ခဟာ ဘာကြောင့် သူ့ကိုယ်သူ သတ်သေတယ်လို့ မင်းထင်သလဲ။
စောင့် − ကျွန်တော် တကယ်ဘာမှ မသိပါဘူး။
အထက်ပါ အမေးအဖြေတွင် ရှေ့နောက် မညီသော စကားတစ်ခွန်းပါသွား၍ အစောင့်ကို ရဲက ဖမ်းဆီးလိုက်သည်။ မည်သည့် စကား မှားသွားသလဲ။
Read less
Ye Tay Zar Shein
- We can build together
မောင်ဘတွင် လောလောဆယ် ငွေ ၁၀ ကျပ်ရှိနေသည်။ တစ်နေ့လုံးသုံးခဲ့သော ငွေမှာအောက်ပါအတိုင်းဖြစ်သည်။ မနက်ပိုင်းတွင် သူသည် ဥပဒေမဲ့ လောင်းကစားဝိုင်းတွင် ပါဝင်သောငွေတစ်ဝက် ဆုံးရှုံးခဲ့သည်။ ကျန်ငွေထဲမှ မနက်စာ ထမင်းဖိုးကို ငွေ ၁၀ ကုန်သွားသည်။ ကစားဝိုင်းတွင် သက်ဆိုင်ရာက အရေးယူခြင်းခံရရာ ပထမအကြိမ် သက်ညှာသောအားဖြင့် ဒဏ်ငွေသာရိုက်သဖြင့် ကျန်သောငွေ၏ တစ်ဝက်ကုန်သွားပြန်သည်။ ငယ်သူငယ်ချင်းထံသွားရာ ငွေ ၁၀ ကားခကုန်ကျ၏။ ဆင်းရဲသော သူငယ်ချင်းကို ကျန်ငွေ၏တဝက် ကူညီခဲ့သည်။ ညနေပိုင်းတွင် သူငယ်ချင်း တစ်ယောက်နှင့် ...Read more
မောင်ဘတွင် လောလောဆယ် ငွေ ၁၀ ကျပ်ရှိနေသည်။ တစ်နေ့လုံးသုံးခဲ့သော ငွေမှာအောက်ပါအတိုင်းဖြစ်သည်။ မနက်ပိုင်းတွင် သူသည် ဥပဒေမဲ့ လောင်းကစားဝိုင်းတွင် ပါဝင်သောငွေတစ်ဝက် ဆုံးရှုံးခဲ့သည်။ ကျန်ငွေထဲမှ မနက်စာ ထမင်းဖိုးကို ငွေ ၁၀ ကုန်သွားသည်။ ကစားဝိုင်းတွင် သက်ဆိုင်ရာက အရေးယူခြင်းခံရရာ ပထမအကြိမ် သက်ညှာသောအားဖြင့် ဒဏ်ငွေသာရိုက်သဖြင့် ကျန်သောငွေ၏ တစ်ဝက်ကုန်သွားပြန်သည်။ ငယ်သူငယ်ချင်းထံသွားရာ ငွေ ၁၀ ကားခကုန်ကျ၏။ ဆင်းရဲသော သူငယ်ချင်းကို ကျန်ငွေ၏တဝက် ကူညီခဲ့သည်။ ညနေပိုင်းတွင် သူငယ်ချင်း တစ်ယောက်နှင့် ချိန်းထားသော ထမင်းဆိုင်သို့ သွားရာ ကားခငွေ ၁၀ ကုန်၏။ မိတ်ဆွေကို ကျွေးမွေးပြုစုရာ ကျန်ငွေ၏ တစ်ဝက်ကုန်သွားပြန်သည်။ နောက်ဆုံး အိမ်သို့ ကားငှားပြန်ရာ ငွေ ၁၀ ကုန်ပြန်သည်။
Read less
Ye Tay Zar Shein
- We can build together
၁၉၈၀ ခုနှစ် မော်စကိုအိုလံပစ်ပြိုင်ပွဲတွင် ဟန်ဂေရီနိုင်ငံသား ဗာဂါသည် သူအဓိကယှဉ်ပြိုင်လိုသော ပွဲမစမီ ၂ ရက်တွင် ဘောလုံးကစားရင်း လက်ကျိုးသွားသည်။ သို့ကြောင့် သူ အဓိက ယှဉ်ပြိုင်ရသောပွဲတွင် လက်ကို ပတ်တီးစီးပြီး ဝင်ပြိုင်ရသည်။ ဒါပေမဲ့ သူ ပထမ ရွှေတံဆိပ် ရခဲ့သည်။ သူလက်ကျိုးသွားလို့သာ ရွှေတံဆိပ်ရသည်ဟု ဆိုသေးသည်။
၁၉၈၀ ခုနှစ် မော်စကိုအိုလံပစ်ပြိုင်ပွဲတွင် ဟန်ဂေရီနိုင်ငံသား ဗာဂါသည် သူအဓိကယှဉ်ပြိုင်လိုသော ပွဲမစမီ ၂ ရက်တွင် ဘောလုံးကစားရင်း လက်ကျိုးသွားသည်။ သို့ကြောင့် သူ အဓိက ယှဉ်ပြိုင်ရသောပွဲတွင် လက်ကို ပတ်တီးစီးပြီး ဝင်ပြိုင်ရသည်။ ဒါပေမဲ့ သူ ပထမ ရွှေတံဆိပ် ရခဲ့သည်။ သူလက်ကျိုးသွားလို့သာ ရွှေတံဆိပ်ရသည်ဟု ဆိုသေးသည်။
Read less
Ye Tay Zar Shein
- We can build together
ဦးဘသက်နှင့် ဦးမြမောင်တို့သည် လွန်စွာရင်းနှီးသော မိတ်ဆွေများဖြစ်သည်။ သို့ပေမယ့် သူတို့သည် အသင်းတစ်ခု၏ ဥက္ကဌနေရာကို အပြိုင်လုနေကြသူများ ဖြစ်ကြသည်။ တစ်ခုသော ညနေခင်း၌ အသင်းရုံးခန်းထဲတွင် ဦးဘသက်က နေမကောင်းပါဟုဆိုပြီး ရေကို တစ်ခွက်ပြီး တစ်ခွက်သောက်ချနေသည်။ ထိုစဉ် ဦးမြမောင်သည အပြောမဆိုနှင့် ဦးဘသက်ကို ဝင်ဖက်ပြီး ဓားမြှောင်ကို ထုတ်ပြလိုက်သည်။ ပြီးတော့ သူတို့နှစ်ယောက် ပြေပြေပစ်ပစ် ဖြစ်သွားခဲ့သည်။ ဤလုပ်ရပ်ကို ဦးဘသက်၏ ဇနီးက မြင်တွေ့သွားခဲ့သည်။ နောက်နေ့တွင် အဆိုပါရုံးခန်းတွင် ဦးဘသက်သည် ရုတ်တရက် ကွယ်လွန်သွားခဲ့သည်။ ဦးဘသက်၏ ဇနီးက ဦးမြမောင်ပေါ် မသင်္ကာကြောင်း ...Read more
ဦးဘသက်နှင့် ဦးမြမောင်တို့သည် လွန်စွာရင်းနှီးသော မိတ်ဆွေများဖြစ်သည်။ သို့ပေမယ့် သူတို့သည် အသင်းတစ်ခု၏ ဥက္ကဌနေရာကို အပြိုင်လုနေကြသူများ ဖြစ်ကြသည်။ တစ်ခုသော ညနေခင်း၌ အသင်းရုံးခန်းထဲတွင် ဦးဘသက်က နေမကောင်းပါဟုဆိုပြီး ရေကို တစ်ခွက်ပြီး တစ်ခွက်သောက်ချနေသည်။
ထိုစဉ် ဦးမြမောင်သည အပြောမဆိုနှင့် ဦးဘသက်ကို ဝင်ဖက်ပြီး ဓားမြှောင်ကို ထုတ်ပြလိုက်သည်။ ပြီးတော့ သူတို့နှစ်ယောက် ပြေပြေပစ်ပစ် ဖြစ်သွားခဲ့သည်။ ဤလုပ်ရပ်ကို ဦးဘသက်၏ ဇနီးက မြင်တွေ့သွားခဲ့သည်။
နောက်နေ့တွင် အဆိုပါရုံးခန်းတွင် ဦးဘသက်သည် ရုတ်တရက် ကွယ်လွန်သွားခဲ့သည်။ ဦးဘသက်၏ ဇနီးက ဦးမြမောင်ပေါ် မသင်္ကာကြောင်း အစစ်ခံသည်။ ဦးမြမောင် အဖြေကောင်းသဖြင့် ရဲက ခွင့်လွတ်လိုက်သည်။
Read less
Ye Tay Zar Shein
- We can build together