မြင်းကုန်သည် တစ်ယောက် စျေးတစ်ခုသို့ မြင်းအုပ်ကိုမောင်းပြီး ယူဆောင်လာသည်။ စျေးကောက်အဖြစ် အဝင်မှာ မြင်းတစ်ကောင်ကို ပေးရသည်။ ထိုစျေးထဲမှာ သူပိုင်မြင်း တစ်ဝက်ကို ရောင်းရသည်။ စျေးမှ ပြန်ထွက်သောအခါ အကောက်အဖြစ် မြင်းတစ်ကောင်ကို ထပ်ပေးရသည်။ ဒုတိယစျေးရောက်သောအခါ ယခင်အတိုင်း အဝင်၌ မြင်းတစ်ကောင် အကောက်ပေးပြီးမှ ဝင်ရောင်းရသည်။ စျေးထဲ၌ သူ့လက်ထဲကျန်သော မြင်းကောင်ရေ တစ်ဝက်ကို ရောင်းချသည်။ စျေးမှ ပြန်ထွက်သောအခါ မြင်းတစ်ကောင်ကို အကောက်ပေးရပြန်သည်။ သူ၏ မြင်းတွေ မကုန်သေး၊ တတိယစျေးသို့သွားသည်။ ထုံးစံအတိုင်း ဝင်ခ မြင်းတစ်ကောင်ကို ...Read more
မြင်းကုန်သည် တစ်ယောက် စျေးတစ်ခုသို့ မြင်းအုပ်ကိုမောင်းပြီး ယူဆောင်လာသည်။ စျေးကောက်အဖြစ် အဝင်မှာ မြင်းတစ်ကောင်ကို ပေးရသည်။ ထိုစျေးထဲမှာ သူပိုင်မြင်း တစ်ဝက်ကို ရောင်းရသည်။ စျေးမှ ပြန်ထွက်သောအခါ အကောက်အဖြစ် မြင်းတစ်ကောင်ကို ထပ်ပေးရသည်။
ဒုတိယစျေးရောက်သောအခါ ယခင်အတိုင်း အဝင်၌ မြင်းတစ်ကောင် အကောက်ပေးပြီးမှ ဝင်ရောင်းရသည်။ စျေးထဲ၌ သူ့လက်ထဲကျန်သော မြင်းကောင်ရေ တစ်ဝက်ကို ရောင်းချသည်။ စျေးမှ ပြန်ထွက်သောအခါ မြင်းတစ်ကောင်ကို အကောက်ပေးရပြန်သည်။
သူ၏ မြင်းတွေ မကုန်သေး၊ တတိယစျေးသို့သွားသည်။ ထုံးစံအတိုင်း ဝင်ခ မြင်းတစ်ကောင်ကို ပေးရသည်။ သူ့လက်ထဲကျန်သော မြင်းကောင်ရေ တစ်ဝက်ကို ရောင်းချရသည်။ အထွက်တွင် စျေးကောက်ကို တစ်ကောင် ပေးရပြန်သည်။
တတိယစျေး၌ မြင်းတွေ ရောင်းပြီးသောအခါ သူ့လက်ထဲ၌ မြင်းတစ်ကောင်သာ ကျန်သည်။ ၄င်းမြင်းကို သူစီးပြီး အိမ်ပြန်သည်။