မောင်ဘတွင် လောလောဆယ် ငွေ ၁၀ ကျပ်ရှိနေသည်။ တစ်နေ့လုံးသုံးခဲ့သော ငွေမှာအောက်ပါအတိုင်းဖြစ်သည်။ မနက်ပိုင်းတွင် သူသည် ဥပဒေမဲ့ လောင်းကစားဝိုင်းတွင် ပါဝင်သောငွေတစ်ဝက် ဆုံးရှုံးခဲ့သည်။ ကျန်ငွေထဲမှ မနက်စာ ထမင်းဖိုးကို ငွေ ၁၀ ကုန်သွားသည်။ ကစားဝိုင်းတွင် သက်ဆိုင်ရာက အရေးယူခြင်းခံရရာ ပထမအကြိမ် သက်ညှာသောအားဖြင့် ဒဏ်ငွေသာရိုက်သဖြင့် ကျန်သောငွေ၏ တစ်ဝက်ကုန်သွားပြန်သည်။ ငယ်သူငယ်ချင်းထံသွားရာ ငွေ ၁၀ ကားခကုန်ကျ၏။ ဆင်းရဲသော သူငယ်ချင်းကို ကျန်ငွေ၏တဝက် ကူညီခဲ့သည်။ ညနေပိုင်းတွင် သူငယ်ချင်း တစ်ယောက်နှင့် ...Read more
မောင်ဘတွင် လောလောဆယ် ငွေ ၁၀ ကျပ်ရှိနေသည်။ တစ်နေ့လုံးသုံးခဲ့သော ငွေမှာအောက်ပါအတိုင်းဖြစ်သည်။ မနက်ပိုင်းတွင် သူသည် ဥပဒေမဲ့ လောင်းကစားဝိုင်းတွင် ပါဝင်သောငွေတစ်ဝက် ဆုံးရှုံးခဲ့သည်။ ကျန်ငွေထဲမှ မနက်စာ ထမင်းဖိုးကို ငွေ ၁၀ ကုန်သွားသည်။ ကစားဝိုင်းတွင် သက်ဆိုင်ရာက အရေးယူခြင်းခံရရာ ပထမအကြိမ် သက်ညှာသောအားဖြင့် ဒဏ်ငွေသာရိုက်သဖြင့် ကျန်သောငွေ၏ တစ်ဝက်ကုန်သွားပြန်သည်။ ငယ်သူငယ်ချင်းထံသွားရာ ငွေ ၁၀ ကားခကုန်ကျ၏။ ဆင်းရဲသော သူငယ်ချင်းကို ကျန်ငွေ၏တဝက် ကူညီခဲ့သည်။ ညနေပိုင်းတွင် သူငယ်ချင်း တစ်ယောက်နှင့် ချိန်းထားသော ထမင်းဆိုင်သို့ သွားရာ ကားခငွေ ၁၀ ကုန်၏။ မိတ်ဆွေကို ကျွေးမွေးပြုစုရာ ကျန်ငွေ၏ တစ်ဝက်ကုန်သွားပြန်သည်။ နောက်ဆုံး အိမ်သို့ ကားငှားပြန်ရာ ငွေ ၁၀ ကုန်ပြန်သည်။
Read less